တောင်သာမြို့နယ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

တောင်သာ ဒီဇင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရိုက်နှိပ်ထုတ်ဝေသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀) နာရီက ကျောင်းသား၊ကျောင်းသူများ၊ ပြည်သူ လူထုထံသို့ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၅)ရပ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာမှကောက်နုတ်ချက်၊ ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၃) ရက်နေ့ မြို့တော်ခမ်းမ၌ ကျင်းပပြုလုပ်သော ပြည်သူ့အစည်းအဝေးကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့်မိန့်ခွန်းမှ ကောက်နုတ်ချက်များနှင့် ဆောင်းပါး၊ ကဗျာ၊ ဆောင်ပုဒ်နှင့် ကာတွန်းများစသည့် အကြောင်းအရာများပါဝင်ပြီး လက်ကမ်းစာစောင်(၄၅၀)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်နှင့်ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။

ကျော်မျိုးနိုင်(တောင်သာ)