ခရမ်း ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီက ခရမ်းမြို့ အမှတ် (၁၂) ရပ်ကွက် ခရမ်းချောင်းဘေးရပ်ကွက် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်ဘောလုံးပြိုင်ပွဲ၊မီတာ ၁၀၀၊ မီတာ ၄၀၀၊ အိတ်စွပ်ပြေး၊ သံပုန်းရိုက်၊ တာရာဂိုးသွင်း၊ ပိုက်ကျော်ခြင်း၊ ခေါင်းအုန်းရိုက်၊ လွန်ဆွဲ၊ အုန်းသီးရိုက်၊ အုန်းသီးလု၊ ချောတိုင်တက်၊ ထုပ်ဆီးတိုး၊ မုန့်စား၊ စကောရွက် စသည့်အားကစားအမျိုး အစားများပါ၀င်ပြီး ယှဉ်ပြိုင်ကစားကြရာ ဆုရရှိသူများအား ဇန်နဝါရီ ၄ ရက်နေ့ညနေတွင်တာ၀န်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)