ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အပူဒဏ်ကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက အပူဒဏ်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။

ကမာရွတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာဦးစီးဌာန စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်​ကြေငြာ​ပေး

ရန်ကုန်တိုင်းဒေသကြီး၊​ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ အခြေခံပညာဦးစီးဌာနမှကျင်းပခဲ့သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျောင်းများတွင်‌ကပ်နှံထားရှိရာ

သနပ်ပင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ခုနှစ်၊ လုပ်ငန်းရာသီအတွက် (ပထမ) အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ခုနှစ် လုပ်ငန်းရာသီအတွက် (ပထမ) အကြိမ် ဂရန်အင်းများ လေလံရောင်းချခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းရက်သတ္တပတ်လှုပ်ရှားမှုများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာန ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်း ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မွေးကင်းစကလေးငယ်များနှင့် အသက် (၂) လမှ (၃) နှစ်အောက်ကလေးငယ်များကို ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးပေးခြင်းကို ဧပြီ ၂၈ ရက် နံနက်ပိုင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများစွာ ရရှိစေရန်နှင့် စာပေကို လက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့်

ကံမမြို့နယ်၌ လေဘေးသင့်အိမ်ထောင်စုများအား ကျေးရွာများအရောက် ထောက်ပံ့ငွေများပေးအပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဧပြီ (၂၃) ရက်နေ့ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ (၁၂) ရွာ၌ ဘုန်းကြီးကျောင်း (၅) ကျောင်းနှင့် လူနေအိမ် (၈၄) လုံးတို့မှာ အမိုးလန်ပျက်စီးခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် (၇) ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများကို ယမန်နေ့နံနက်က ကျေးရွာများအရောက် ပေးအပ်ထောက်ပံ့ ခဲ့ကြောင်း သိရသည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် နွေကျောင်းပိတ်ရက်များ၌ ကျောင်းသား၊ကျောင်းသူများအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့် တင်နိုင်စေရန် ရည်ရွယ်၍ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီ လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား) (Community Centre) တွင် လူငယ်ရေးရာဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးအတွက် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးခြင်းနှင့် အတူ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး စာရေးဆရာ ဆရာမများနှင့် ပူးပေါင်းပြီး အသိပညာပေး ဟောပြောပွဲများကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ကျင်းပသည်။

စမ်းချောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ အသိပညာ‌​ပေး နံရံကပ်စာ​စောင်ပြပွဲ ကျင်းပ

ရန်ကုန်တိုင်း​ဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် လူထုအ‌‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယ​မန်နေ့နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ အသိပညာ​ပေး နံရံကပ်စာ​စောင်ပြပွဲကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး

သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ်ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကိုလေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန်တိုးတက်လာစေရေးကို မျှော်တွေး၍ ဧပြီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခွဲက ဌာနဆိုင်ရာရုံးများနှင့်ဝန်ထမ်း မိသားစုများကို သွားရောက်၍ သုတ/ရသစာအုပ် စာစောင်များကို နယ်လှည့်ကွင်းဆင်း၍ ကွင်းဆင်းငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ