ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းရက်သတ္တပတ်လှုပ်ရှားမှုများဆောင်ရွက်

မင်းလှ ဧပြီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာန ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်း ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မွေးကင်းစကလေးငယ်များနှင့် အသက် (၂) လမှ (၃) နှစ်အောက်ကလေးငယ်များကို ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးပေးခြင်းကို ဧပြီ ၂၈ ရက် နံနက်ပိုင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်းကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာနခွဲ၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများတွင် မွေးကင်းစကလေးငယ်များနှင့် ကာကွယ်ဆေးထိုးနှံရန်ပျက်ကွက်ခဲ့သော အသက် (၂) လမှ (၃) နှစ်အောက်ကလေးငယ်များအား ပြန်လည်ခေါ်ယူ၍ ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးပေးခဲ့ကြသည်။

အဆိုပါ ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်း ရက်သတ္တပတ်လှုပ်ရှားမှုကို ဧပြီ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ပေါက်စ(မင်းလှ)