ရန်ကုန် ဧပြီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများစွာ ရရှိစေရန်နှင့် စာပေကို လက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အင်းစိန်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးသို့ သွားရောက် ငှားရမ်းပေးသည်။
စာအုပ်များငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင် (အင်းစိန်) ရုံးရှိ ဝန်ထမ်း များက ဗဟုသုတရရှိစေမည့် သုတ၊ ရသ စသည့်စာအုပ်များငှားရမ်းပေးပြီး ယခင်ငှားရမ်းထားသည့်စာအုပ်များအား ပြန်လည်သိမ်းဆည်းစာရင်းသွင်းခြင်းနှင့် စာအုပ်အသစ်များ ပြန်လည်ငှားရမ်းပေးသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်ဌာနဆိုင်ရာရုံးများသို့ အလှည့်ကျစနစ် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို