ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ကန့်ဘလူခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းထောက်များအတွက် ပြည်သူ့ဆက်ဆံရေးသင်ခန်းစာမှတ်စု လက်စွဲစာစောင်အား ဝန်ထမ်းများစုပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဧပြီ ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲက ကျင်းပ ပြုလုပ်ခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထား သူများပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော  အသိအမြင် ဗဟုသုတများကို    အသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့နေ့လယ် ၁၂ နာရီက ရန်ကုန်အရှေ့ပိုင်း ခရိုင်(သင်္ဃန်းကျွန်း)ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌​​​ အပူရှပ်ခြင်းအကြောင်း သိ‌‌‌ကောင်းစရာ အသိပညာပေး Talk Show ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ​အပူရှပ်ခြင်း အကြောင်းသိကောင်းစရာအသိပညာပေးTalk Show ကို ယမန်နေ့၊နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဝေါမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Online Shopping နှင့် ပတ်သက်၍ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်ပိုင်းက Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ဝယ်ယူခြင်းမပြုမီ သတိပြုရမည့် အချက်များအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

ဝေါမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေး

ဝေါမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ရွေ့လျား စာကြည့်တိုက် Mobile Library ဖြင့် ဌာနဆိုင်ရာရုံးများသို့သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းခဲ့ကြသည်။

ညောင်ဦးမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကူတောကျေးရွာသို့ သောက်သုံးရေ ၅၀၀၀ ဂါလံ လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျှက်ရှိသော ကျေးရွာများသို့ သောက်သုံးရေလှူဒါန်းလျှက်ရှိရာ

မိုးညိုမြို့နယ်ငါး လုပ်ငန်းဦးစီးဌာနရုံး၌ ပထမအကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်းငန်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် ပထမအကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်တွင် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယမန်နေ့ညနေ ၄ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးသင့်ပြည်သူများအား ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရုံးရှေ့၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန်ရည်ရွယ်၍ Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာဦးစီးဌာန နှစ်ဆုံးစာမေးပွဲ အောင်စာရင်းထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာဦးစီးဌာနမှ ကျင်းပခဲ့သော နှစ်ဆုံးစာမေးပွဲအောင်စာရင်းများကို မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများတွင်ကပ်နှံ၍ ယမန့်နေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ