မန္တလေး ဧပြီ ၂၇
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် နွေကျောင်းပိတ်ရက်များ၌ ကျောင်းသား၊ကျောင်းသူများအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့် တင်နိုင်စေရန် ရည်ရွယ်၍ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီ လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသားလူငယ်များ စာပေဖတ်ရှု့ရုံသာမက လေ့လာမှတ်သား၍ ရေးသားတတ်စေရန်၊ စာစီစာကုံးအင်္ဂါရပ်များနှင့်အညီ ရေးသားတတ်စေရန်၊ စာပေဖတ်ရှု့မှုရင့်သန်စေရန် အစရှိသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြီး ဦးစီးအရာရှိ ဦးညိုထွန်းက ပြိုင်ပွဲဝင်စည်းကမ်းများကို ရှင်းလင်းပါသည်။
ထို့နောက် စာစီစာကုံးသတ်မှတ်ခေါင်းစဉ်ဖြစ်သည့် ကျွန်ုပ်၏ရည်မှန်းချက်နှင့် ကဗျာခေါင်းစဉ်ဖြစ်သည့် ပညာဘဏ်တိုက် စာကြည့်တိုက်ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)