စစ်ကိုင်းမြို့၊ မြို့မစျေးတွင် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်သည့်စနစ် လက်တွေ့သရုပ်ပြသ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မြို့မစျေး၌ စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်သည့်စနစ် လက်တွေ့သရုပ် ပြသခြင်းများကို ဆောင်ရွက်ခဲ့သည်။