မုံရွာတက္ကသိုလ် ၂ဝ၂၅-၂၀၂၆ ပညာသင်နှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၁၀

မုံရွာတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မုံရွာတက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာ သန်းသန်းဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာမုံရွာတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာသန်းသန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာ မီးမီးတင်သိန်းက ပြိုင်ပွဲဝင်အသင်းများအား ပြိုင်ပွဲဝင်စည်းမျဥ်းစည်းကမ်းများ ဖတ်ကြားရှင်းလင်းခဲ့သည်။

ဆက်လက်ပြီး စည်းကြပ်ဒိုင်များက ထမနဲထိုးပြိုင်ပွဲဝင်မည့်အဖွဲ့ဝင်များ အသုံးပြုမည့်ပစ္စည်းများအား စစ်ဆေးခဲ့ကြပြီးနောက် ပြိုင်ပွဲများကိုစတင်ရာ ဘာသာရပ်အလိုက် ပြိုင်ပွဲဝင် အသင်း (၅)သင်းယှဥ်ပြိုင်နေမှုနှင့် အဆိုအကများဖြင့် ဧည့်ခံဖျော်ဖြေမှုတို့အား မုံရွာတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာသန်းသန်းဝင်းနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ်ထမနဲထိုးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူအသင်းများကို ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)