စစ်ကိုင်းမြို့၊  မြို့မစျေးတွင် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်သည့်စနစ် လက်တွေ့သရုပ်ပြသ

စစ်ကိုင်း ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မြို့မစျေး၌ စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်သည့်စနစ် လက်တွေ့သရုပ် ပြသခြင်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါလက်တွေ့သရုပ်ပြပွဲတွင် စျေးသူ၊ စျေးသားများအား အမှိုက်အမျိုးအစားခွဲခြား စွန့်ပစ်သည့်စနစ်ကို အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း၊  ပလတ်စတစ်ညစ်ညမ်းမှုကို ပူးပေါင်းကာကွယ်ဖြေရှင်းကြပါစို့ခေါင်းစဉ်ဖြင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပလတ်စတစ်လျှော့ချသုံးစွဲရန် စက္ကူအိတ်(၃၅)လုံး ဖြန့်ဝေခြင်းနှင့် စျေးဝယ်သူတို့အား ပလတ်စတစ်အစားထိုး Recycle Bag (၃၅) လုံး ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။

နေလင်းအောင်