ကျွန်းလှ ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို သက်ဆိုင်ရာစာသင်ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိသည်။
“၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၄ ရက်နေ့က စတင်ဖြေဆိုခဲ့ပါတယ်။ ကျွန်းလှမြို့နယ်မှာ အခြေခံ ပညာကျောင်း (၂၀)၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်း၊ ကိုယ်ပိုင်အထက်တန်း ကျောင်း (၁) ကျောင်း၊ စုစုပေါင်း (၂၃) ကျောင်းဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူ (၄၆၀၆ ) ဦး အေးချမ်းစွာ ဖြေလျက်ရှိပါတယ်” ဟု မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က ပြောသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းဖြေဆိုနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူးရုံးမှ တာတန်ရှိသူများ၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ