စစ်ကိုင်း ဖေဖော်ဝါရီ ၁၁
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၁၄)နှစ်မြောက် တက္ကသိုလ်တည်ထောင်သည့်နေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ မြစံပယ်အမျိုးသမီးဆောင်၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာဥမ္မာစံ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သင်ကြား၊ စီမံဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာဥမ္မာစံက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအဆင့် ဇေယျာထူးချွန်ဆု ပထမအဆင့်ရရှိခဲ့သည့်ဝန်ထမ်းများ၊ လုပ်ငန်းခွင်အတွင်း မည်သည့်ခွင့်မှ ခံစားခဲ့ခြင်းမရှိသည့်ဝန်ထမ်းများ၊ အရိုးသားဆုံး ဆုရရှိခဲ့သည့်ဝန်ထမ်းများ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပါမောက္ခချုပ် ဒေါက်တာဥမ္မာစံနှင့်တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့် ခဲ့သည်။
အဆိုပါတက္ကသိုလ်၌ (၁၄)နှစ်မြောက် တက္ကသိုလ်တည်ထောင်သည့်နေ့ အထိမ်းအမှတ်အဖြစ် သုတေသနစာတမ်းဖတ်ပွဲကိုလည်း ဖေဖော်ဝါရီလ (၆) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး စာတမ်း(၁၂)စောင်ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
နေလင်းအောင်