ရွှေဘို ဖေဖော်ဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် ကြိုတင်ကာကွယ်မှု အစီအမံတစ်ရပ်အနေဖြင့် ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦးအေးမြင့် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၉ ရက်နေ့နံနက်ပိုင်းက ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်မှ မီးဘေးအန္တရာယ်၊ မီးဘေးကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ရေးဆိုင်ရာများ အသိပညာပေးဟောပြောပြီး မီးသတ်တပ်ဖွဲ့ဝင်များမှ ဆီမီးလောင်မှုနှင့် ဂက်စ်အိုးမီးလောင်မှုအား မီးသတ်ဆေးဘူး၊ရေစိုအဝတ်တို့ဖြင့် မီးငြှိမ်းသတ်မှု သရုပ်ပြလေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)