ရခိုင်ပြည်နယ်

ကျိန္တလီမြို့၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် စတင်ကျောင်းအပ်လက်ခံ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်မှ စတင်ပြီး လက်ခံပေးလျက်ရှိကြောင်း သိရသည်။

ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေလေ့လာဖတ်ရှုမှုများ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန် မြှင့်တင်‌ရေးအဖြစ် ယမန်နေ့ နေ့လယ်ပိုင်းက ဌာနဆိုင်ရာ ရုံးများသို့ သွားရောက်ပြီး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြ‌သည်။

အမ်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် စတင်ကျောင်းအပ်လက်ခံ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်း (၂၁၇)ကျောင်းတွင် ကျောင်းအပ်လက်ခံခြင်းကို ယမန်နေ့နံနက် (၈)နာရီအချိန်မှ စတင်လက်ခံလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကျောင်းသား၊ ကျောင်းသူများကျောင်းအပ်နှံနေမှု လှည့်လည်ကြည့်ရှု အားပေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုကို သွားရောက်ကြည့်ရှုအားပေးကြသည်။

ဂွမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်စတင်လက်ခံ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းက စတင်ကာ လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဂွမြို့နယ်တွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)၌ ဘုရားအမှူးပြုသော သံဃာတော် (၅)ပါးတို့အား ပင့်ဖိတ်၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပပြုလုပ်ခြင်းတို့ကို ယမန်နေ့နံနက် ၉နာရီက သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်တော်ကြီးအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ဂွမြို့နယ်အတွင်းရှိ ရေရှားပါးသည့်ကျေးရွာနေပြည်သူများအား သောက်သုံးရေ(၁၃၄၀၀)ဂါလံ လှူဒါန်း

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန် ၄ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်သူ့အကျိုးပြုလုပ်ငန်းများအနေဖြင့် နွေရာသီကာလ၌ ရေရှားပါးသည့်ကျေးရွာများတွင် နေထိုင်သည့် ပြည်သူများအား သောက်သုံးရေများ ရရှိသုံးစွဲနိုင်စေရန် ရည်ရွယ်၍ မေလ ဒုတိယပတ်မှစတင်ကာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ရာ သောက်သုံးရေဂါလံ ၁၃၄၀၀ လှူဒါန်းပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က စည်ပင်ရုံးမှ ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။

ကျိန္တလီမြို့ ဆားချက်ကျေးရွာနေပြည်သူများအား သောက်သုံးရေဂါလံ(၂၂၀၀) သွားရောက်လှူဒါန်း

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ဆားချက်ကျေးရွာနေ ပြည်သူများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ စုပေါင်း၍ ယမန်နေ့ ညနေပိုင်းအချိန်က သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေးတက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ  ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conference စနစ်ဖြင့်တက်ရောက်ကြသည်။
Subscribe to ရခိုင်ပြည်နယ်