ကျိန္တလီမြို့ ဆားချက်ကျေးရွာနေပြည်သူများအား သောက်သုံးရေဂါလံ(၂၂၀၀) သွားရောက်လှူဒါန်း

ကျိန္တလီ မေ  ၂၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ဆားချက်ကျေးရွာနေ ပြည်သူများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ စုပေါင်း၍ ယမန်နေ့ ညနေပိုင်းအချိန်က သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ သောက်သုံးရေလှူဒါန်းပေးရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မီးသတ်ရေသယ်ယာဉ်ဖြင့် ရေဂါလံ(၂၂၀၀) အား ဆားချက်ကျေးရွာရှိ အိမ်ထောင်စု(၈၈)၊ လူဦးရေ(၃၂၀)ဦးအတွက် သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း မီးသတ်ဦးစီးထံမှ သိရသည်။

ကျိန္တလီ(ပြန်/ဆက်)