ဂွ မေ ၂၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန် ၄ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်သူ့အကျိုးပြုလုပ်ငန်းများအနေဖြင့် နွေရာသီကာလ၌ ရေရှားပါးသည့်ကျေးရွာများတွင် နေထိုင်သည့် ပြည်သူများအား သောက်သုံးရေများ ရရှိသုံးစွဲနိုင်စေရန် ရည်ရွယ်၍ မေလ ဒုတိယပတ်မှစတင်ကာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ရာ သောက်သုံးရေဂါလံ ၁၃၄၀၀ လှူဒါန်းပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ရေလှူဒါန်းပေးရာတွင် နံနက်ပိုင်းတွင် ကျောက်ကြီးကျေးရွာအား ဒုတိယအကြိမ် ရေဂါလံ(၈၀၀)ကို လှူဒါန်းပေးခဲ့ရာ မေလ(၇)ရက်နေ့မှ မေလ(၂၀)ရက်နေ့အထိ သောက်သုံးရေရှားပါးသည့်ကျေးရွာ(၆)ရွာအား သောက်သုံးရေဂါလံ ၁၃၄၀၀ လှူဒါန်းပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်