ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ ဆွေးနွေးပိတ်ပွဲ အခမ်းအနား တက်ရောက်၊ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု
နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများဆွေးနွေးပွဲ ပိတ်ပွဲကို မေလ ၁၇ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။