ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိ့နှိုင်းအစည်းအဝေး ကျင်းပ

ဇလွန် ဖေဖော်ဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့တွင် ကိန်းဝပ်စံပယ်တော်မူသော မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီးသည် သက်တော်ထင်ရှားမြတ်စွာဘုရားကိုယ်တိုင် ရင်ငွေ့တော်ပေးအပ်ခဲ့သည့် သမိုင်းဝင်တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သည်နှင့်အညီ ဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်အား(၂၄-၂- ၂၀၂၆) မှ (၃-၃-၂၀၂၆)ရက်နေ့အထိ (၈)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိ့နှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် မဟာအတုလဝေယံပြည်တော်ပြန် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး အကျိုးတော်ဆောင်ဂေါပကအဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်ကို လုပ်ငန်းကော်မတီများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် လုပ်ငန်းကော်မတီများက အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး အကျိုးတော်ဆောင်ဂေါပကအဖွဲ့ဒု-ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက လုပ်ငန်းကော်မတီများ၏ ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိ့နှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့တို့၏ လမ်းညွှန်မှု၊ ဇလွန်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့တို့၏ ကြီးကြပ်မှုတို့ဖြင့် တပေါင်းလဆန်း (၉) ရက်နေ့မှ တပေါင်းလပြည့်ကျော်(၁)ရက်နေ့ (၂၄-၂-၂၀၂၆)မှ(၃-၃-၂၀၂၆)ရက်နေ့အထိ (၈) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်အေးချမ်းသာယာစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)