အမြို့မြို့အနယ်နယ်သတင်းများ

Feb 13,2026
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံ အလံတင်အလေးပြုပွဲအခမ်းအနားကို ယမန်နေ့နံနက်(၅)နာရီခွဲက ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက်ရှိ လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပခဲ့သည်။
Feb 13,2026
ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့မွန်းလွဲ  ၁ နာရီက လမ်းပြကြယ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 13,2026
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၇ နာရီ အချိန်က ပြုလုပ်ကျင်းပခဲ့သည်။
Feb 13,2026
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက အိုးဘိုရပ်ကွက်ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျင်းပသည်။
Feb 13,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Feb 13,2026
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်​ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီး​မြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ချောက်ခရိုင်၊ စုပေါင်းရုံး အစည်းအ‌ဝေးခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 13,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း စာစီစာကုံး၊ ကဗျာရွတ်၊ စစ်တုရင်ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုများပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Feb 13,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားကို ဖေဖော်ဝါရီ (၁၂) ရက် နံနက်(၅)နာရီခွဲက မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို နံနက် ၇ နာရီအချိန်၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။