ကြို့ပင်ကောက်မြို့တွင် ၇၉ နှစ်မြောက် ပြည်ထောင်စု‌နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ကြို့ပင်ကောက် ဖေဖော်ဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားတို့ကို  အ.ထ.က (ကြို့ပင်ကောက်)ကျောင်း၌ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ် နှင့် နံနက် ၇ နာရီအချိန်တို့က ကျင်းပပြုလုပ်ခဲ့သည်။

နံနက် ၅ နာရီ ၃၀ မိနစ်နိုင်ငံတော်အလံတင်အခမ်းအနားအား မြို့နယ်ရဲတပ်ဖွဲ့မှ ဦးဆောင်၍ ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ အကြီးအကဲများ အင်အား ၁၀၀ ခန့် တက်ရောက်၍ နိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီး နံနက် ၇ နာရီတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးအောင်ဇော်မင်းက ဖတ်ကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်း အလယ်တန်း မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာဆရာမများ၊ ကျေင်းသား/ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များ အင်အား ၃၁၀ ခန့်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့် ဝေပေးခဲ့ကြကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)