ရွှေကူ ဖေဖော်ဝါရီ ၁၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊ရွှေကူမြို့၊ မြို့တော်ခန်းမရှေ့ရှိ အလံတိုင်၌ ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၅ နာရီ ၃၀ မိနစ် အချိန်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကိုကျင်းပရာ ရွှေကူမြို့နယ်ရဲတပ်ဖွဲ့က နိုင်ငံတော်အလံကို လွှင့်တင်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ယာယီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။
ဆက်လက်၍ နံနက် ၇ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်း မ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှပေးပို့သည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ယာယီဥက္ကဋ္ဌ မြို့နယ်ရဲမှူးမြင့်ဇော်က ဖတ်ကြားခဲ့သည်။
ထို့နောက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရေးစပ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်း သူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
မြို့နယ် (ပြန်/ဆက်)