အမြို့မြို့အနယ်နယ်သတင်းများ

Feb 06,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်က အခြေခံပညာမူလတန်းလွန်ကျောင်း မူလွန် (ပတုပ်) ကျောင်း၌ စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲဆောင်ရွက်နေကြကြောင်း သိရသည်။
Feb 06,2026
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦ အကြီးစားပြုပြင်ပြီးစီးနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာ ခေါ်ယူကျင်းပနိုင်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
Feb 06,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်/စာပေ ချစ်မြတ်နိုးသူများ၊ Book Club အဖွဲ့မှ အဖွဲ့ဝင်များက စာရေးဆရာမ ခင်ဆွေဦးရေးသားခဲ့သည့် ဒို့တိုင်းဌာနီစာအုပ်ဖြင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
Feb 06,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆရာ/ဆရာမများ ပူးပေါင်း၍ HPV ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း ယုဇနတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Feb 06,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မွေးကင်းစမှ အသက်၁နှစ်ခွဲအရွယ်အပိုင်းအခြားထိ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းအား ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက်ပိုင်းက စတင်၍ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက စနစ်တကျမေးမြန်းဆွေးနွေးပြီး ဂရုတစိုက်ထိုးနှံ တိုက်ကျွေးပေးလျက်ရှိသည်။
Feb 05,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့လယ် (၂) နာရီက အထက(၁)(မြို့မ)ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေပေးလျက်ရှိသည်။
Feb 05,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ရှိ ကျေးရွာအများစုတွင် ဆောင်းနေကြာစိုက်ခင်းများ စိုက်ပျိုးလျက်ရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ ဆောင်းနေကြာစိုက်ပျိုးမှုကို နိုဝင်ဘာလမှ စတင်ကြဲပက်စိုက်ပျိုးကြကြောင်း သိရသည်။
Feb 05,2026
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းအချိန်က အဆိုပါ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။