အမြို့မြို့အနယ်နယ်သတင်းများ

Feb 06,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များအနေဖြင့် ပြည်ထောင်စုအမွေအနှစ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်မှာ တိုင်းရင်းသားပြည်သူအားလုံးတို့၏ တာဝန်ပင်ဖြစ်ကြောင်း သိရှိစေရန်ရည်ရွယ်၍ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 06,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ခုနှစ်ပညာသင်နှစ် မူလတန်းအဆင့် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း စာ‌မေးပွဲကို ဖြေဆိုလျက်ရှိရာ ယမန်နေ့ နံနက် (၉) နာရီတွင် အင်္ဂလိပ်စာဘာသာရပ်အား ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Feb 06,2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီက ပုလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 06,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ခုနှစ်ပညာသင်နှစ် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာ‌မေးပွဲကို ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၉ နာရီက မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုကြောင်း သိရသည်။
Feb 06,2026
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ၅၊ M Hostel ရှိ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး၊  မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဦးဟိန်းစစ်ကျော်နှင့်ဝန်ထမ်းများ၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ၊ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌနှင့်အမှုဆောင်များ၊ အခြေခံ သမဝါယမအသင်းများမှ အသင်းဝင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
Feb 06,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ကာလစည်းကမ်းသက်ကျော်လွန်သော စာရွက်စာတမ်းများ မီးရှို့ဖျက်စီးခြင်းကို ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်ခဲ့သည်။
Feb 06,2026
ကရင်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ဘားအံမြို့ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ဘားအံမြို့၊ ကမ်းနားမုန့်ဈေးတန်းရှိ အစားအသောက်ရောင်းချသည့်ဆိုင်များအား ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်းနှင့် အစားသောက်ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 06,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်လံစစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက်ပိုင်းတွင်လည်း မြို့နယ်အတွင်း ဦးထွန်းအိုရပ်ကွက်၊ တောင်ပြာတန်းဆန်စက်ဝင်းအတွင်ရှိ Diesel King Co.ltd ဂေါ်ဇီလာခြင်ဆေးခွေစက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။