ကချင်ပြည်နယ်

ချီဖွေမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက် (Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက် (Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီမှ စတင်၍  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။

ချီဖွေမြို့နယ်၌ ကျွဲ၊ နွားတိရစ္ဆာန်များအား ခွာနာလျှာနာကာကွယ်ဆေးထိုးနှံပေး

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားတိရစ္ဆာန်များ ခွာနာလျှာနာ ရောဂါကာကွယ်နိုင်ရေးအတွက် FMD ကာကွယ်ဆေးကို ယခုလအတွင်း ကျွဲ၊ နွားတိရစ္ဆာန် အ‌ကောင် (၉၀) အား ထိုးနှံပေးခဲ့ကြောင်းသိရသည်။

နောင်မွန်းမြို့နယ်၌ ၂၀၂၃ခုနှစ်တက္ကသိုလ်ဝင်တန်းအောင်ဂုဏ်ထူးရ ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ၂၀၂၃ခုနှစ်တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရ ကျောင်းသား၊ကျောင်းသူများနှင့် ဂုဏ်ထူးရဘာသာသင်ဆရာဆရာမများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက် တန်းကျောင်း ထလမ်ရာဇီခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Youth Club လူငယ် များအသင်း စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် Youth Club (လူငယ်များ)အသင်း စာဖတ်ဝိုင်းကို ယမန် နေ့ညနေ ၃ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး၊ ကာကွယ်၊ တားဆီးရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါင်စန်းပြည်နယ်ခွဲသို့ လေ့လာရေးခရီးစဉ် ရှင်းလင်းဆွေးနွေးပွဲများသို့ တက်ရောက်

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး၊ ကာကွယ်တာဆီးရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ခရိုင်၊ မြို့နယ်ကော်မတီအဖွဲ့ ဥက္ကဋ္ဌများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၁ ရက် ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ပူတာအိုမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းဘေးတောင်ကမ်းပါးရံပြိုကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွား

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့နံနက်ပိုင်းက မြို့မရပ်ကွက် (၁) အဝင်လမ်း လမ်းဘေးတောင်ကမ်းပါးရံပြိုကျ၍  လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ လူ၊တိရစ္ဆာန်ထိခိုက်ပျက်စီးမှုများ မရှိကြောင်းသိရသည်။

ပန်ဝါမြို့ အခြခံပညာအထက်တန်းကျောင်း၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပန်ဝါမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်ရဲတပ်ဖွဲ့ရုံးတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

မိုးကောင်းမြို့ ဆားမှော်ကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး မာလာတီယွန်(Malathyon)ဆေးရည်မှုတ်ခြင်းဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာတွင် သွေးလွန်တုပ်ကွေး ဖြစ်နေသူများပြားနေသောကြောင့် ရွာလုံးကျွတ်မာလာတီယွန်(Malathyon)ဆေးရည်မှုတ် ဆောင်ရွက်ခြင်းကို ဇူလိုင်လ(၇)ရက်မှ(၁၁)ရက်နေ့ထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်