အင်းတော်ကြီးအိုင်တွင် ဒေသပြောင်းရွှေ့ ရှားပါးငှက်မျိုးစိတ်တစ်မျိုးဖြစ်သည့် ငှက်ကြီးဝန်ပို ငှက်ကောင်ရေ (၁၀၀)ကျော်ခန့် ကျက်စားလျက်ရှိ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအိုင်တွင် ယခုနှစ်မိုးတွင်းကာလ၌ ဒေသပြောင်းရွှေ့ရှားပါးငှက်မျိုးစိတ် တစ်မျိုးဖြစ်သည့် ငှက်ကြီးဝန်ပို ငှက်မျိုးစိတ် ကောင်ရေ (၁၀၀)ကျော်ခန့် ကျင်လည်ကျက်စားလျက်ရှိကြောင်း အင်းတောကြီးဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။