ကချင်ပြည်နယ်

ပူတာအိုမြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့်ကဗျာစပ် ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားအတုယူစိတ်များဖြစ် ပေါ်လာစေရန်၊ နိူင်ငံ၏ နေ့ထူးရက်မြတ်များဖြစ်ပေါ်လာပုံ အကြောင်းအရာများအား လူငယ်များ ပိုမိုသိရှိထားစေရန်နှင့် နိူင်ငံတော်အတွက် အားထားရမည့် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၂၃-ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့်ကဗျာ စပ်ပြိုင်ပွဲကို ဇူလိုင် (၁၄) ရက် နံနက် (၁၀) နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့်အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်း ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့် အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ဇူလိုင် ၁၄ ရက် နံနက် ၁၀ နာရီခန့်က ဗန်းမော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်တံခွန် ခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းခွင်ပြင်ပ မတော်တဆ ထိခိုက်သေဆုံးခဲ့ခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ပေးအပ်ပွဲ ကျင်းပ

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ မန္တလေးတိုင်း၊ အမရပူရမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် Good Brother Co.,Ltd မှ အာမခံအလုပ်သမား၏ လုပ်ငန်းခွင်ပြင်ပ မတော်တဆ ထိခိုက်သေဆုံးမှုအတွက် ဥပဒေနှင့်အညီ အကျိုးခံစားခွင့်ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် လူမှုဖူလုံရေးရုံးတွင် ကျင်းခဲ့သည်။

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်လာစေရန်နှင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို လေးစားတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် ဝိုင်းမော်မြို့နယ်အတွင်း စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧက ၁၀၀ စိုက်ကွင်းအတွင်း ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းစွမ်းရည်ပြိုင်ပွဲသို့တက်ရောက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စုမဒိန်ကွင်းအား ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဖော်ထုတ်ပြီးစီးခဲ့သော စက်မှုလယ်ယာစနစ်ကျလယ်ယာမြေဧက ၁၀၀ စိုက်ကွင်းအတွင်း မိုးစပါးပန်းတိုင်အထွက် နှုန်းပြည့်မီစေရေးနှင့် စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲကျင့်သုံးနိုင်ရေး တောင်သူအသိပညာပေး ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါဧက ၁၀၀ စိုက်ကွင်းအတွင်း ကျင်းပပြုလုပ်သည်။

မိုးမောက်မြို့ နိသောကရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နယ်လှည့်အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ နိသောကရာမဘုန်းတော်ကြီးသင်ကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် စာဖတ်ခြင်းအလေ့အထ ကောင်းများနှင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ နယ်လှည့်အသိပညာပေးဟောပြောပွဲ ကို ဇူလိုင်လ ၁၃ ရက် နံနက် ၉ နာရီခန့်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မတည်ပံ့ပိုးခဲ့သော ဝိုင်းမော်မြို့နယ် ခါးရှိကျေးရွာဒေသခံတောင်သူအစုအဖွဲ့ပိုင် သဘာဝဓာတ်မြေသြဇာစက်ရုံ ဖွင့်လှစ်ပေး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ခါးရှိကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သန်း(၁၀၀)မတည်ပံ့ပိုးပေးမှုဖြင့် ဒေသခံ‌တောင်သူအစုအဖွဲ့အစုအဖွဲ့များ၏ ပေါင်ကမ်လားလယ်ယာ အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းသမဝါယမအသင်းပိုင် သဘာဝမြေသြဇာစက်ရုံဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်သည်။

ပူတာအိုမြို့နယ် အ.လ.က-မုဒုံ(၂)ကျောင်း၌ နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့သမိုင်းကြောင်းများကို ကျောင်းသူကျောင်းသားများသိရှိနားလည်လာစေရန်နှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားအတုယူ တန်ဖိုးထားပြီး မျိုးချစ်စိတ်ဓါတ်အစဉ်ကိန်း အောင်းလာစေရန်အတွက် နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ပူတာအိုမြို့နယ် ပူတောင်းကျေးရွာအုပ်စု၊ မုဒုံ-၂ ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက် သည်။

ကချင်ပြည်နယ်တွင် ဒေသတွင်း ဖြစ်ထွန်းအောင်မြင်လျက်ရှိသည့် ကုန်ကြမ်းများဖြင့် One Region One Product အဖြစ် ခရိုင်အလိုက် အရည်အသွေးမြှင့်မားသည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်း ဒေသတွင်း ဖြစ်ထွန်းအောင်မြင်လျက်ရှိသည့်ရှိရင်းစွဲ အရင်းအမြစ်ကုန်ကြမ်းများဖြင့် One Region One Product ထုတ်ကုန်လုပ်ငန်းများအဖြစ် သက်ဆိုင်ရာခရိုင်အလိုက် အရည်အသွေးမြင့်မားစွာ တိုးမြှင့်ထုတ်လုပ်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက် (၁၁) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်