ဆွမ်ပရာဘွမ် ဇူလိုင် ၁၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် Youth Club (လူငယ်များ)အသင်း စာဖတ်ဝိုင်းကို ယမန် နေ့ညနေ ၃ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
အဆိုပါ စာဖတ်ဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနနှင့် Youth Club (လူငယ်များ) အသင်းတို့ ပူးပေါင်းဆောင်ရွက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မျိုးမြင့်က လူငယ်များအားစာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် လူအများနှင့် ပူးပေါင်းဆွေးနွေးတတ်သည့် အလေ့အကျင့်ရရှိလာစေရေး၊ မိမိအတွေးအမြင်များ တစ်ဦးနှင့်တစ်ဦး ဖလှယ်တတ်လာစေရေး၊ မျိုးဆက်သစ်လူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ အသိပညာဗဟုသုတ တိုးပွားလာစေရေးတို့အတွက် ယခုလိုပြု လုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက်တက်ရောက်လာသော (လူငယ်များ) Youth Club အသင်းဝင်များက ချစ်နိုင်(စိတ်ပညာ) ရေးသားပြုစုထားသည့် လူငယ်နှင့်အခွင့်အလမ်းစာအုပ်မှ မချယ်ရီပန်(Grade-10)က အဆိုးနဲ့ အကောင်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ မဘန်ထွယ်လု(Grade-10)က ရင်ထဲရှိသမျှခေါင်းစဉ်ဖြင့် လည်းကောင်း၊ မဘန်ဆွတ်မွန်းဆမ် (Grade-10)က လူ့တန်ဖိုးခေါင်းစဉ်ဖြင့် လည်းကောင်း၊ မမေရီဂျာဆန်(Grade-11)က လူငယ်နှင့်အခွင့်အလမ်း ခေါင်းစဉ်ဖြင့်လည်း ကောင်းအသီးသီးဖတ်ရှုပြီး အချင်းချင်းသုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဧပရယ်မိုး(ဆွမ်ပရာဘွမ်)