ပန်ဝါမြို့ အခြခံပညာအထက်တန်းကျောင်း၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်

ပန်ဝါ ဇူလိုင် ၁၂

ကချင်ပြည်နယ်၊ ပန်ဝါမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပြီး (၆) လပြည့်ပြီးသူများအား ထပ်ဆောင်းထိုးနှံခြင်းနှင့် အသက်(၅)နှစ်ပြည့်၍ တစ်ကြိမ်မှ မထိုးနှံရသေးသော ကျောင်းသား/သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိရာ မြို့အုပ်ချုပ်ရေးမှူး ဦးညီညီထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားမိဘများက လိုအပ်သည်များ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပန်ဝါ(ပြန်/ဆက်)