ကချင်ပြည်နယ်

မိုးညှင်းမြို့နယ် ဇီးကုန်းကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှု အခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် အကောင်းအထည်ဖော် ဆောင်ရွက်လျက်ရှိသော ဇီးကုန်းကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ရာနှုန်းပြည့်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်ထောင်စုလမ်းမဘေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပလျက်ရှိသော နေ့ကြီးရက်ကြီး/ နေ့ထူးနေ့မြတ်အခမ်းအနားများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြို့တော်မြစ်ကြီးနားမြို့အား မြို့အင်္ဂါရပ်နှင့် အညီသန့်ရှင်းသပ်ရပ်ပြီး ပန်းအလှများဖြင့် ဝေဆာနေစေရေး မြို့တွင်းအဓိကလမ်းမများတစ်လျှောက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ လေယာဉ်ကွင်း ခြံစည်းရိုးတစ်လျှောက် (ပြည်ထောင်စုလမ်းမကြီး)ဘေးသန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင် ရွက်ခဲ့သည်။ 

မချမ်းဘောမြို့နယ် ကောင်းမှုလုံစေတီတော် ပရဝုဏ်အတွင်း၌ ပူတာအိုခရိုင်လုံးဆိုင်ရာ သံဃာ့ပူဇော်ပွဲ ကျင်းပမည်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် နှစ်စဥ်မပျက်ကျင်းပလျက်ရှိသော ခရိုင်လုံးဆိုင်ရာ သံဃာ့ပူဇော်ပွဲကို ယခုနှစ်တွင် မချမ်းဘောမြို့နယ် ကောင်းမှုလုံကျေးရွာရှိ ကောင်းမှုလုံစေတီတော် ပရဝုဏ်အတွင်း၌ မြန်မာသက္ကရာဇ် ၁၃၈၅ခု နှစ် သီတင်းကျွတ်လပြည့်ကျော် ၃ရက်နေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သံဃာ့ပူဇော်ပွဲကို မချမ်းဘောမြို့ပေါ်ရှိ ဗုဒ္ဓဘာသာဝင်များ၊ ကောင်းမှုလုံကျေးရွာ၊ မန်ခွတ်ကျေးရွာ၊ ခန်ကျိုကျေးရွာရှိ ဗုဒ္ဓဘာသာဝင်များ စုပေါင်း၍ ကျင်းပဆောင်ရွက်ခြင်းဖြစ်ပြီး ပူတာအိုခရိုင်အတွင်းရှိ ဘုန်းကြီးကျောင်း ၃၇ ကျောင်း၊ သီလရှင်ကျောင်း ၁ ကျောင်းတို့မှ ရဟန်းတော် ၆၆ ပါး၊ သာမဏေ၊ သီလရှင် ၃၉ပါး

ပူတာအိုမြို့နယ်၌ စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးပွားရေးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီခွဲက ပူတာအိုမြို့နယ်၊ ပူတောင်းကျေးရွာအုပ်စု မုဒုံ-၂ကျေးရွာ ခရစ်တော်၏ အသင်းတော်ဘုရားကျောင်း၌ ကျင်းပသည်။

ပူတာအိုခရိုင်၌ ကျေးဇူးတော်ချီးမွမ်းပွဲ (ကောက်သစ်စားပွဲ)များ အသင်းတော်အသီးသီးတွင် ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲ ပွဲတော်ဖြစ်သည့် ကျေးဇူးတော်ချီးမွမ်းပွဲ (ကောက်သစ်စားပွဲ)များကို ၂၀၂၃-ခုနှစ်အတွက် ယခုလမှ စတင်ကာ အသင်းတော်အသီးသီးတွင် ကျင်းပနေကြပြီဖြစ်ကြောင်း သိရသည်။

အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၅) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်း‌ကျောင်း (ဗန်းမော်)၏ သင်တန်းကျောင်းခန်းမ၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၅)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ကျင်းပခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ကချင်ပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်အတွင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေး ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ကချင်ပြည်နယ် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး၊ ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့် ရွှေမိုးတောင်စေတီတော် ရွှေသင်္ကန်းကပ်လှူနိုင်ရေး (ပထမ)အကြိမ် အလှူငွေလှူဒါန်းပွဲသို့ တက်‌ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ပြည်နယ်အတွင်းရှိ မြို့များ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပလာစေရေး စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို ယနေ့ နံနက် ၇ နာရီက မြစ်ကြီးနားမြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံဝင်းအတွင်း စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ မြို့မဈေးများ၊ ရေစင်ကွင်းဈေးတို့ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဈေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ၊ မြို့မဈေး(၁)နှင့် (၂)အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြို့မဈေးများနှင့် ရေစင်ကွင်းဈေး သန့်ရှင်းမှုရှိစေရေးနှင့် ဈေးများအတွင်း မော်တော်ယာဉ်များဖြင့် ယာဉ်ကြောပိတ်ဆို့ ကြပ်တည်းမှုမရှိစေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ယမန်နေ့ညနေ ၃ နာရီက မြစ်ကြီးနာမြို့ ဈေးခေါင်းရုံး၌ စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၊ ဈေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

မချမ်းဘောမြို့နယ် အခြေခံပညာကျောင်းများရှိတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား အာဟာရနှင့် ကျန်းမာရေးဆေးဝါးများထောက်ပံ့

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ တက္ကသိုလ်ဝင်တန်း အောင်ချက်မြှင့်မားရေးအတွက် ညစာကျက် ဝိုင်းများ ဖွင့်လှစ်ထားရှိသော အခြေခံပညာကျောင်းများသို့ မြို့နယ်တက္ကသိုလ်ဝင်တန်း အောင်ချက်မြှင့် မားရေးကော်မတီဝင်များက အာဟာရ ကြက်ဥနှင့်အရေးပေါ်သုံး ကျန်းမာရေးဆေး သေတ္တာများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်