ကချင်ပြည်နယ်ဝန်ကြီးချုပ် လေဆိပ်ရှေ့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်၊ အခွန်လွတ်ဈေး ရောင်းချမှုအား ကြည့်ရှုစစ်ဆေး၊ ပြည်နယ်အတွင်း စိုက်ပျိုးထုတ်လုပ်သည့် ရှားကောများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရေး ညှိနှိုင်းဆွေးနွေး
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော်မြစ်ကြီးနားမြို့အားမြို့အင်္ဂါရပ်နှင့်အညီသန့်ရှင်း သပ်ရပ်ပြီး ပန်းအလှများဖြင့် ဝေဆာနေစေရေး မြို့တွင်းအဓိကလမ်းမများတစ်လျှောက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အောက်တိုဘာ ၂၀ ရက် နံနက် ၇ နာရီက မြစ်ကြီးနားလေဆိပ်ရှေ့ (ပြည်ထောင်စုလမ်းမကြီး)တစ်လျှောက် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့သည်။