မြစ်ကြီးနား အောက်တိုဘာ ၂၄
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြို့တော်မြစ်ကြီးနားမြို့အား မြို့အင်္ဂါရပ်နှင့် အညီသန့်ရှင်းသပ်ရပ်ပြီး ပန်းအလှများဖြင့် ဝေဆာနေစေရေး မြို့တွင်းအဓိကလမ်းမများတစ်လျှောက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ လေယာဉ်ကွင်း ခြံစည်းရိုးတစ်လျှောက် (ပြည်ထောင်စုလမ်းမကြီး)ဘေးသန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင် ရွက်ခဲ့သည်။
ထိုသို့သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/အမှုထမ်းများနှင့် Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားလေယာဉ်ကွင်းခြံစည်းရိုး တစ်လျှောက် ကျွန်းတောများအတွင်း သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အလင်းဖွင့်ပေး ခြင်းနှင့် အမှိုက်များ ကောက်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်သည် ရေကြည်ရပ်ကွက်နှင့် ပြည်ထောင်စုလမ်းမကြား ရေဝပ်နေရာတွင် စနစ်တကျပြန်လည်တူးဖော် ပြီး ငါးမွေးမြူနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ နှစ်စဉ် ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပလျက်ရှိသော နေ့ကြီးရက်ကြီး/နေ့ထူးနေ့မြတ်များတွင် အခမ်းအနားများ အောင်မြင်ခမ်းနားစွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က နှစ်စဉ်ကျင်းပမြဲဖြစ်သော နေ့ကြီး ရက်ကြီး အခမ်းအနားများကို မြန်မာ့ရိုးရာယဉ်ကျေးမှု၊ မင်္ဂလာတရားတော်နှင့်အညီ ကျင်းပပြုလုပ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် နောင်ခေတ်လူငယ်များ မိမိတို့ နည်းတူ လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရေး အခမ်းအနားများကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ ယဉ်ကျေးမှုအဆင့်အတန်းကို ပေါ်လွင်အောင် အစဉ်အလာမပျက် အေးချမ်းစည်ကားစွာ ကျင်းပ ပြုလုပ်သွားရမည် ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက နှစ်စဉ်ကျင်းပပြုလုပ်ခဲ့သော နေ့ကြီး ရက်ကြီး အခမ်းအနားများ၊ နိုင်ငံတော်အဆင့်အခမ်းအနားများနှင့် ကချင်ပြည်နယ်နေ့အခမ်းအနားများ ကျင်းပ ပြုလုပ်ခဲ့မှု အခြေအနေများနှင့် ဘဏ္ဍာငွေကျခံသုံးစွဲခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများက သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတော်များနှင့် စုပေါင်း မဟာဘုံကထိန်ပွဲတော်တို့ကို ကျင်းပပြုလုပ်သွားသွားမည့် အစီအစဉ်များ၊ ကောက်သစ်စားပွဲ၊ ခရစ္စမတ်ပွဲတော်၊ လွတ်လပ်ရေးနေ့၊ ကချင်ပြည်နယ်နေ့၊ ပြည်ထောင်စုနေ့အခမ်းအနားများနှင့် မြန်မာ့ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ကြိုတင်စီစဉ် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များ၊ ယခင်နှစ်တွေ့ကြုံရသည့် အားနည်းချက်/ အားသာချက်များနှင့် အခက်အခဲများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဗန်းမော်ခရိုင် ကချင် တိုင်းရင်းသားရိုးရာ မနောကွင်း၊ မုဒ်ဦး၊ မနောရင်ပြင်တော်ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပွဲတော်များကို ခရိုင်အလိုက် လုံခြုံရေးအခြေအနေကို အခြေခံ၍ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားရေးနှင့် သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် တန်ဆောင်ပွဲတော်များကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၂၂ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ဗလမင်းထင် ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွင်းသို့ သွားရောက်ပြီး မိုးစပါးစိုက်ခင်းများ ပန်းတိုင်အထွက်နှုန်း အထက် ရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည့် မန်ခိန်ကွင်းနှင့် တပ်ကုန်းကွင်းအတွင်း ရိတ်သိမ်းချိန် မိုးစပါးများ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများနှင့် ဆိုလာစွမ်းအင်ဖြင့် ဆောင်းသီးထပ်သီးနှံ စိုက်ပျိုးနိုင်ရေး ရေတွင်းတူးဖော်ဆောင်ရွက်ထားရှိမှု၊ ရေရရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တပ်ကုန်းကွင်းအတွင်း ဖြတ်သန်းစီးဆင်းသည့် အင်ဂျန်းခချောင်း (ပင်မမြောင်း)တစ်လျှောက် တောင်သူအကျိုးဖြစ်ထွန်းစေရေး စိုက်ထည့်ထားပေးသည့် ငါးသားပေါက်များ ပွားများလာမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မိုးစပါးစိုက်ဧရိယာ တစ်ခုလုံးတွင် မိုးစပါးရိပ်သိမ်းအပြီး ဆီထွက်သီးနှံနေကြာ၊ ပဲပုတ်နှင့် အစေ့ထုတ်ပြောင်း စသည့် ဒုတိယသီးနှံစိုက်ပျိုးနိုင်ရေး တူးဖော်ဆောင်ရွက်ပေးထားသည့် စက်ရေတွင်း (၁၀)အပြင် ဆိုလာစွမ်းအင်သုံး ရေတွင်း (၁၀)တွင်း ထပ်မံတူးဖော်ပေးနိုင်ရေး၊ လက်တံမြောင်းများမှ တစ်ဆင့် ပင်မမြောင်းအတွင်း ရေသွင်း၍ ပင်မမြောင်းမှ ဆိုလာစနစ်သုံး ရွေ့လျားရေတင်စက်များဖြင့် စိုက်ခင်းများအတွင်း ရေလုံလောက်စွာ သုံးစွဲနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး ပင်မမြောင်းတစ်လျှောက် ဘေးဝဲ/ယာတွင် ကွန်ကရစ်လှေကား၊ ကွန်ကရစ် လူသွားလမ်း အရှည်ပေ ၂၈၀၀ ခင်းကျင်းဆောင်ရွက်နေမှု၊ စက္ကူပန်းပင်များ စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝန်ကြီးဌာများမှ အရာထမ်း/ အမှုထမ်းများ၊ ဘောလုံးဝါသနာရှင်များနှင့်အတူ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ် လျက်ရှိသော ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ဝန်ကြီးချုပ်ဖလား၊ ဝန်ကြီးဌာန ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် သယံဇာတရေးရာဝန်ကြီးဌာန(က)ဘောလုံး အသင်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေး ခဲ့ကြကြောင်းသိရသည်။
ပြည်နယ်ပြန်/ဆက်