ဗန်းမော်မြို့ အလက-ခွဲ(ဝက်ကုန်း)တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာ ပေးဟောပြောပွဲကျင်းပ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ(ဝက်ကုန်း) ခန်းမ၌ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာပညာပေး ဟောပြောပွဲကို နိုဝင်ဘာ ၇ ရက် နံနက် ၁၀ နာရီ ခန့်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။