မိုးညှင်းမြို့၌ (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

မိုးညှင်း  နိုဝင်ဘာ      ၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က အဖွင့်အမှာစကားပြောကြားကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည်တွင် ဖွင့်လှစ်ခဲ့သော စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ်(၁၀၃)တွင် သင်တန်းသားထူးချွန်ဆု ဒုတိယရရှိခဲ့သော မိုးညှင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဦးသန့်စင်လင်းအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုဆုကြေးငွေများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က ပေးအပ်ချီးမြင့်ခဲ့သည်။

၎င်းနောက် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအဆင့်ဆင့်မှ သက်ပြည့်ပင်စင်၊ နှစ်ပြည့်ပင်စင်နှင့် နာမကျန်းပင်စင်များခံစားခဲ့ကြသည့် အငြိမ်းစားဝန်ထမ်း ၂၄ ဦးအား အမှတ်တရ လက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူများကအသီးသီး ပေးအပ်ကြကာ ခရိုင်/မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ(၁၅၃)ဦးအား ဗလာမပါ ကံစမ်းမဲများဖောက်ပေးခြင်း၊ ဆုပစ္စည်းများနှင့် ငွေသားများပေးအပ်ခြင်းကို စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်