မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံတူပန်းချီဆွဲပြိုင်ပွဲ ကျင်းပ

မချမ်းဘော နိုဝင်ဘာ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးလာစေရန်နှင့် ငယ်စဥ်မှစ၍ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် ပုံတူပန်းချီပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမရှိ ကလေးစာဖတ်ခန်း၌ ယမန်နေ့ညနေ ၃နာရီခွဲကကျင်းပခဲ့သည်။

ရှေးဦးစွာ မချမ်းဘောမြို့နယ် ပြည်သူ့စာကြည့်တိုက် စာဖတ်ပရိတ်သတ် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးတို့က တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုကော်မတီမှ ထုတ်ဝေထားသော ကလေးစာပေ စာအုပ်များဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ကြပြီး ပုံတူပန်းချီပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မိမိတို့ကြိုက်နှစ်သက်ရာ လူပုံ၊ ရှုခင်းပုံ၊ တိရစ္ဆာန်ပုံများဖြင့် ပုံတူပန်းချီပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်တရဆုလက်ဆောင်များ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)