ကချင်ပြည်နယ်

မိုးကောင်းမြို့၌ မွေးစမှအသက် ၂ နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက် (၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့နည်းစေရေး နှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အစီအစဉ် (Kaeru Caravan) သို့တက်ရောက်ကြည့်ရှုအားပေး

ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနကကြီးမှူး၍ ကျောင်းသား/ ကျောင်းသူများ သဘာဝဘေး အန္တရာယ်လျော့ချရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် ကလေးသူငယ်များ အတွက် သဘာဝဘေးအန္တရာယ် လျော့နည်းစေရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ် (Kaeru Caravan) နှင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ လေ့ကျင့်သရုပ်ပြခြင်း အခမ်းအနားကို နိုဝင်ဘာ ၆ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုးကောင်းမြို့၌ နဂါးရုံစေတီတော် ဌာပနာတော်သွင်းမင်္ဂလာအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ ပြည်လုံးချမ်းသာရွှေသာလျောင်းဘုရားကြီးဝင်းအတွင်းရှိ ရေကန်တော်တွင် တည်ထားကိုးကွယ် တော်မူသော နဂါးရုံစေတီတော် ဌာပနာတော် သွင်းမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၈)နာရီတွင် ကျင်းပခဲ့သည်။

ပူတာအိုဒေသထွက် ကျောက်ကြမ်းပိုး(ခေါ်)အင်းဆက်ကောင်များ ယခင်နှစ်ထက်ဈေးကောင်း ရရှိသဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ကျောက်ကြမ်းပိုး(ခေါ်)အင်းဆက်ကောင်များအား ယခင် နှစ်ထက်ဈေးကောင်းပေးဝယ်သဖြင့် ကျောက်ကြမ်းပိုးရှာဖွေသူများ မိသားစုအပိုဝင်ရရှိကြောင်းသိရ သည်။

ဆွမ်ပရာဘွမ်မြို့ ဘာသာရေးကျောင်းများ၌ အလှူငွေများနှင့်အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ရှိ ဘာသာရေးကျောင်းများသို့ အခြေခံစားသောက် ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်ဥနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို နိုဝင်ဘာ(၆) ရက်နံနက် ၇ နာခွဲက အဆိုပါကျောင်းများ၌ ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။

ဗန်းမော်မြို့တွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းများ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကို မိုးဖိန်းကျေးရွာအုပ်စု တာမိုင်းလုံကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီခန့်က ဗန်းမော်မြို့နယ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ဗန်းမော်မြို့နယ် တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းမေက ဦးဆောင်၍ စာရင်းကောက်ယူရေးအဖွဲ့များက ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအတွက် အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ/ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲနှင့် မြစ်ကြီးနားတက္ကသိုလ် နှစ်(၆၀) ပြည့် အထိမ်းအမှတ် အာစရိယပူဇော်ပွဲကျင်းပနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ပြည်နယ်အတွင်းရှိ မြို့များမြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး အပတ်စဉ်စနေနေ့တိုင်း မြို့များအလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့၌ စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆွမ်ပရာဘွမ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်များအသင်း (Youth Club) စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် လူငယ်များအသင်း (Youth Club) စာဖတ်ဝိုင်းဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းများအား စာပေဟောပြောပွဲ ကျင်းပသည့် အခမ်း အနားသို့ တက်ရောက် အမှာစကား ပြောကြား

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ခရိုင်၊ မြို့နယ်ရုံး များမှ အရာထမ်း၊ အမှုထမ်းများအတွက် စာပေလေ့လာဖတ်ရှုခြင်းအားဖြင့် အတွေးအခေါ် အသိပညာ တိုးတက်လာစေရေး စာပေဟောပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ပူတာအိုမြို့နယ်၌ ၂၀၂၃-ခုနှစ် မိုးစပါး ဆင်းဧကရီ-၃ မျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းနှင့် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် တောင်သူကွင်းသရုပ်ပြပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ပူတာအိုဒေသဝမ်းစာဖူလုံရေးအတွက် ၂၀၂၃-ခုနှစ် မိုးစပါးဆင်းဧကရီ-၃ မျိုးစေ့ထုတ်စိုက်ခင်းအား စံကွက်ရိတ်သိမ်းခြင်းနှင့် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် တောင်သူကွင်းသရုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီခွဲက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နှင့် လုံးစွတ်ရပ်ကွက်ကြားရှိ စိုက်ပျိုးရေးဦးစီးဌာန ပိုင်လယ်မြေမတ်ပန်ကွင်းတွင် မိုးစပါးအထွက်တိုးဆင်း ဧကရီ-၃မျိုး စေ့ထုတ်စိုက်ခင်း(၅)ဧက၌ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်