စစ်တွေ နိုဝင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနဆိုင်ရာတို့ပူးပေါင်း၍ ယနေ့နံနက် ၉:၃၀ နာရီအချိန်က နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ရခိုင်ပြည်နယ် နယ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးမောင်မောင်စိုးက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက "လွတ်လပ်ရေးအမွေ ထိန်းသိမ်းစို့လေ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်မြတ်သူက "လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက စစ်တွေခရိုင်ပြန်ကြားရေးနှင့်ပြည်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေးစာအုပ်/စာစောင်များအား စိတ်ဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရှိရသည်။
မြင့်စိုးဦး (ပြန်/ဆက်)