ရခိုင်ပြည်နယ်

နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် (၂) ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း (ပန်ကတ်) ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပန်ကေတုကျေးရွာအုပ်စုမှ ကျေးလက်နေပြည်သူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့သည်။

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ကျောက်ဖြူမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ဒုတိယနေ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေး

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)နှင့်အတူ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ဒုတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းတွင် STUDENTS HOSTEL ၌ အခြေပြု၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများအခမဲ့ ဆောင်ရွက်ပေးလျက်ရှိရာ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာမများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျောက်ဖြူခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင်  စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်  မဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်  အဆိုပါ ကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ကျောက်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ကမ်းရိုးတန်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)နှင့်အတူ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ သူနာပြုများပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ရောက်ရှိကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

ဂွမြို့၌ (၂၅)ကြိမ်မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန် မင်္ဂလာအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ (၂၅)ကြိမ်မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော် မင်္ဂလာအခမ်းအနား ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က သိမ်ကုန်းဘုရားဝန်းအတွင်းရှိ သာသနာ့ ဗိမ္မာန်တော်ကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

စစ်တွေမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧက တင်း ၁၀၀ ကျော်ထွက်ရှိ

ရခိုင်ပြည်နယ် ဆန်စပါးသုတေသန ဖွံ့ဖြိုးရေးစီမံကိန်းဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် အကျဉ်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော GW – 11 စပါးမျိုးနှင့် ဆင်းသွယ်လတ်စပါးမျိုးတို့အား ယှဉ်ပြိုင်စမ်းသပ်သရုပ်ပြစိုက်ပျိုးခြင်း၌ ဆင်းသွယ်လတ်စပါးမျိုး စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြည်တော်သာ ရပ်ကွက်၊ ကွင်းအမှတ်(၄၆)၊ ဦးပိုင်အမှတ်(၃)၊ အကျဉ်းဦးစီးဌာန လယ်မြေတွင် ကျင်းပရာ တစ်ဧကအထွက်နှုန်း တင်း ၁၀၀ ကျော်ထွက်ရှိကြောင်း သိရသည်။

မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်း​ကျောင်း (နောင်တုံ) ၌ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက မိုင်းခုတ်မြို့ရှိ အခြေခံပညာမူလတန်းကျောင်း (နောင်တုံ) သို့ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ပေးခဲကြောင်းသိရသည်။

ဂွမြို့၌ စစ်မှုထမ်းဟောင်းအဖွဲ့မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အဖွဲ့ဝင်များ၏ သားသမီးများအား ပညာသင် ထောက်ပံ့ကြေးပေးအပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အဖွဲ့ဝင်များ၏ သားသမီးများအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ခန်းမတွင်  ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သူနာပြုနှင့်သားဖွား သင်တန်းကျောင်းသို့ ဆန်အိတ်(၁၀၀)နှင့် ထောက်ပံ့ငွေများပေးအပ်ပွဲတက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သူနာပြုနှင့်သားဖွားသင်တန်းကျောင်းသို့ ဆန်အိတ်(၁၀၀)နှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်း သား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဥပဒေရေးရာအလုပ်ရုံဆွေးနွေးပွဲ၊ ကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်းဖွင့်ပွဲ တက်ရောက်

ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အရာထမ်းများနှင့်သက်ဆိုင်သော ဥပဒေရေးရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဌာနအသီးသီးမှဝန်ထမ်းများ တက်ရောက်ကြသည်။
Subscribe to ရခိုင်ပြည်နယ်