မိုင်းခုတ် နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက မိုင်းခုတ်မြို့ရှိ အခြေခံပညာမူလတန်းကျောင်း (နောင်တုံ) သို့ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ပေးခဲကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာအေးက စာဖတ်ခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်နှင့်ကဗျာများ၊ အခြားအသိပညာပေးစာအုပ်များဖြင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေးကာ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များနှင့် သက်ငယ်မုဒိမ်းမှုကင်စင်ရေး ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရန် အသိပညာပေးအကြောင်းအရာများကို ချိတ်ဆွဲပြသခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)