ရခိုင်ပြည်နယ်

မြောက်ဦးမြို့၌ သစ်တောပြုန်းတီးမှုကြောင့် ရာသီဉတုပူပြင်းလာခြင်း အသိပညာပေး ဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟော ပြောပွဲကို ထမ္မရာဇ်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့၌ တိုက်ပွဲရှောင်စခန်းများသို့ ဆန်ရိက္ခာများထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြို့ပေါ်ရပ်ကွက်ရှိ မြတန်ဆောင်းတိုက်ပွဲရှောင်စခန်းသို့ လာရောက် ခိုလှုံနေသောပြည်သူများအတွက်  နီပွန်ဖောင်ဒေးရှင်းမှ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို လက်ကောက်ဈေးရပ်ကွက် မြတန်ဆောင်းတိုက်ပွဲရှောင်စခန်း၌  ယမန်နေ့ က ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။      

(၄၈)နှစ်မြောက် ရခိုင် ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖိတ်ခေါ်ဖလားဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ 

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တပ် တောင်မြို့၌  (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့အုပ်ချုပ်ရေးမှူးနှင့်လုပ်ငန်းရှင်များ ဘောလုံးဝါသနာရှင် လူငယ်များစုပေါင်းကျင်းပသော ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေအချိန်က အမှတ်(၃) ရပ်ကွက် (အထက)ဘောလုံးအားကစားကွင်း၌ ဖွင့်ပွဲကျင်းပခဲ့ ကြောင်း သိရသည်။

မောင်တောမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် စတုဒီသာ ကျွေးမွေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင်ကျရောက်သော (၄၈) နှစ်မြောက် ရခိုင် ပြည်နယ်နေ့အားကစားပြိုင်ပွဲများနှင့် စတုဒီသာကျွေးမွေးခြင်းများကို ယမန်နေ့ ညနေပိုင်းက မြို့မ အားကစားကွင်းနှင့် သီရိမင်္ဂလာခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ကျောက်ဖြူမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ပြိုင်ပွဲ၊ ဂေါက်သီးရိုက်အားကစားပြိုင်ပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင်ကျရောက်သည့် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ရခိုင်ရိုးရာကျင်ပြိုင်ပွဲ၊ ဂေါက်သီးရိုက်အားကစား ပြိုင်ပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်များကို ယမန်နေ့နံနက်ပိုင်းမှစ၍ ဦးဉတ္တမပန်းခြံနှင့် နဒီသောင်ယံဂေါက် ကလပ်ကွင်းပြင်တို့တွင် ကျင်းပပြုလုပ်လျက်ရှိသည်။

ပုဏ္ဏားကျွန်းမြို့၌ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ(၂၀၂၂) ဥပဒေများအား အသိပေး ရှင်းလင်းပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌  ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ပြဋ္ဌာန်းခဲ့သည့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ  ဥပဒေသစ်များအား အသိပေးရှင်းလင်းခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တောင်ကုတ်မြို့၌(၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် တောင်ကုတ်ကမ်းနားလမ်း အဆင့်မြှင့်တင်ခြင်းနှင့်အသည်းပုံသင်္ကေတ ဖွင့်ပွဲအခမ်းအနားကျင်း

အသည်းပုံသင်္ကေတရုပ်ပုံကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုး၊ မြို့မိမြို့ဖ ဦးကျောက်တောင်နှင့် ဦးမောင်ပုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

မြေပုံမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲများကို ယနေ့ နံနက်(၉)နာရီ ချိန်က မြို့နယ်အားကစားခန်းမ၌ ပြိုင်ပွဲများ ကျင်းပသည်။

မိုးနဲမြို့နယ်၌ ဆောင်းနေကြာ စိုက်ခင်းများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူ များပြားလာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ခိုတိဝိုးကျေးရွာနေ ‌ယာစိုက်တောင်သူ အများအပြား ယခုနှစ်တွင် တစ်ပိုင်တစ်နိုင် ဆောင်းနေကြာစိုက်ခင်းများကို ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပ

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ယနေ့နံနက် ၁၁ နာရီက ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်