ကျောက်ဖြူ ဒီဇင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင်ကျရောက်သည့် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ရခိုင်ရိုးရာကျင်ပြိုင်ပွဲ၊ ဂေါက်သီးရိုက်အားကစား ပြိုင်ပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်များကို ယမန်နေ့နံနက်ပိုင်းမှစ၍ ဦးဉတ္တမပန်းခြံနှင့် နဒီသောင်ယံဂေါက် ကလပ်ကွင်းပြင်တို့တွင် ကျင်းပပြုလုပ်လျက်ရှိသည်။
အဆိုပါ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ပြိုင်ပွဲကို ပွိုင့်ကမ်းခြေအနီးရှိ ဦးဉတ္တမပန်းခြံဝန်းအတွင်းတွင်လည်းကောင်း၊ ဂေါက်သီးရိုက်ပြိုင်ပွဲကို အစိုးရရပ်ကွက်ရှိ နဒီသောင်ယံဂေါက်ကလပ်ကွင်းတို့တွင်လည်းကောင်း ဒီဇင်ဘာ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ထိကျင်းပပြုလုပ်လျက်ရှိရာ ပြိုင်ပွဲဝင်သူများမှ စိတ်အားထက်သန်ပျော်ရွင်စွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ညပိုင်းအစီ အစဉ်အဖြစ် နဒီသောင်ယံဂေါက်ကလပ်ကွင်းပြင် ကြီးတွင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ် ကာ ရခိုင်ပြည်နယ်နေ့အထိမ်းမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးအားကစား ပြိုင်ပွဲများတွင် ဆုရရှိကြသည့်အသင်းများကို ညပိုင်းဖျော်ဖြေရေးအစီအစဉ်များတွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း