ရခိုင်ပြည်နယ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စည်သူဒေါ်အေးနုစိန် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား တက်ရောက်

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ နိုင်ငံတောင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စည်သူဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဆုရ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ရသေ့တောင်မြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ကျင်းပ

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင်ရသေ့တောင်မြို့ရှိ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြောက်ဦးမြို့၌ (၄၈) နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးကျင်းပသည့် အားကစားပြိုင်ပွဲကို ကုန်သည်တန်းရပ်ကွက်၊ နန်းတော်ရာကုန်းဘေး ဘောလုံးကွင်းဟောင်းအတွင်း၌ ယနေ့နံနက် ၉ နာရီစတင် ကျင်းပခဲ့သည်။

မြေပုံမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ၂၀၂၂ခုနစ် ၊ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ကျရောက်သည့် (၄၈)နစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဂွမြို့နယ်တွင် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ(၁၅)ရက်နေ့တွင်ကျရောက်သည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မောင်တောမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုသော ဂုဏ်ပြုသောအားဖြင့် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များနှင့် ရေသန့်စက်ရုံများအား မြေပြင်ကွင်းဆင်း စစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင် များ နှင့် ရေသန့်စက်ရုံများအား ယမန်နေ့ နံနက် ၉ နာရီ အချိန် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ရသေ့တောင်မြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့ပတ်လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော မြို့ပတ်လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၆ နာရီ ၃၀အချိန်က ၎င်းလမ်းထိပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

သံတွဲမြို့၌ (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဒွါရာဝတီမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ပုဏ္ဏားကျွန်းမြို့၌(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကျင်းပ

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားနှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်