မြောက်ဦး ဒီဇင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြို့ပေါ်ရပ်ကွက်ရှိ မြတန်ဆောင်းတိုက်ပွဲရှောင်စခန်းသို့ လာရောက် ခိုလှုံနေသောပြည်သူများအတွက် နီပွန်ဖောင်ဒေးရှင်းမှ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို လက်ကောက်ဈေးရပ်ကွက် မြတန်ဆောင်းတိုက်ပွဲရှောင်စခန်း၌ ယမန်နေ့ က ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နီပွန်ဖောင်ဒေးရှင်းမှ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးမောင်အေးလှိုင် ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစန်နီနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက မြောက်ဦးမြို့နယ်အတွင်းရှိ ခိုလှုံရာစ ခန်းဖြစ်သော မြတန်ဆောင်းတိုက်ပွဲရှောင်စခန်းတွင် လာရောက်ခိုလှုံနေသော စုစုပေါင်းအိမ် ထောင်စု (၂၆၃) စုမှ လူဦးရေ (၁၁၀၆) ဦးတို့အတွက် ဆန်ရိက္ခာ (၁၁၀၆) အိတ်အား အဆိုပါ စခန်း များရှိ ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင် ( ပြန်/ဆက် )