မိုးနဲမြို့နယ်၌ ဆောင်းနေကြာ စိုက်ခင်းများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူ များပြားလာ

မိုးနဲ ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ခိုတိဝိုးကျေးရွာနေ ‌ယာစိုက်တောင်သူ အများအပြား ယခုနှစ်တွင် တစ်ပိုင်တစ်နိုင် ဆောင်းနေကြာစိုက်ခင်းများကို ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။

ခိုတိဝိုးကျေးရွာနေ တောင်သူအများအပြား နှစ်စဉ် ပြောင်း၊ ပဲပုတ်ကိုသာ အဓိကထား စိုက်ပျိုးကြရာ ယခုနောက်ပိုင်းတွင် မုန့်ညှင်း၊ မြေပဲနှင့် နေကြာစိုက်ခင်းများကိုပါ စိုက်ပျိုးလာကြကြောင်း၊ နေကြာစိုက်ခင်းများ စိုက်ပျိုးရာတွင် အတန်းလိုက်ပုံစံဖြင့် စိုက်ပျိုးထားကြောင်း၊ နေကြာစိုက်ခင်းများကို (၄)လကြာ စိုက်ပျိုးရကြောင်း၊ ရိတ်သိမ်းပြီးချိန်တွင်လည်း အစေ့ထုတ်၍ ဆီကြိတ်ရောင်းချနိုင်ကြောင်း၊ မိသားစု စားသုံးဆီဖူလုံရေးနှင့် အပိုဝင်ငွေရရှိရေးအတွက် အဓိကထားစိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး (၂) ပတ်ကြာချိန်တွင် မြေဆွကာ ပုလဲမြေဩဇာကို ပတ်ဖျန်းပေးကြကြောင်း နေကြာစိုက်တောင်သူ ဖထီးထံမှ သိရသည်။

ဇင်ကိုကို (ပြန်/ဆက်)