မြေပုံမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

မြေပုံ ဒီဇင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲများကို ယနေ့ နံနက်(၉)နာရီ ချိန်က မြို့နယ်အားကစားခန်းမ၌ ပြိုင်ပွဲများ ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲများ ကျင်းပရာသို့ မြိုနယ်လူမူရေးစစ်ကြောင်းမှ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစံညွန့်မှ ပြိုင်ပွဲဝင်အားက စားသမားများအား အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲကျင်းပရာတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ပြိုင်ပွဲဝင်အသင်း (၃၁)သင်း၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲဝင် အားကစားသမား (၂၀) ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်းနှင့် ဆုကြေးများကို ပြိုင်ပွဲအလိုက် ပထမဆု၊ ဒုတိယဆု သတ်မှတ်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်ဝင်း(ပြန်/ဆက်)