ရခိုင်ပြည်နယ်

ကျောက်ဖြူမြို့ရှိ ပင်လယ်ကမ်းခြေတစ်လျှောက်သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ပင်လယ်ကမ်းခြေတစ်လျှောက် သန့်ရှင်းသာယာ လှပစေရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့ နံနက်ပိုင်းက ကမ်းခြေတစ်လျှောက် ခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ်ကျေးလက်လမ်းဖွံ့ရေးဦးဌာနမှ ဆောင်ရွက်မည့် စစ်တွေကမ်းခြေပတ်လမ်း ကျောက်စီမြေ ထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်းအား ပြည်နယ်ဝန်ကြီး ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်ကျေးလက်လမ်းဖွံ့ရေးဦးဌာနမှ စစ်တွေမြို့နယ်၌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စစ်တွေကမ်းခြေပတ်လမ်း ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ် တာဝန်ခံဦးဝင်းမြင့်ဟန်၊ ခရိုင်၊ မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးကြသည်။

စစ်တွေမြို့၌ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ် ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်း များ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက်ရှိရာ  ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီက စစ်တွေမြို့ ရှုခင်းသာ လမ်းဆုံရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ရသေ့တောင်မြို့နယ်၌ ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမည်သည့် အမျိုးအစားကိုမဆို နှစ်ကြိမ် (သို့) သုံးကြိမ်ထိုးနှံထားပြီးသူများကို MyanCopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ထပ်ဆောင်းထိုးနှံပေးလျက်ရှိ‌ကြောင်း သိရှိရပါသည်။

တောင်ကုတ်မြို့၌ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုပေးပွဲနှင့်ပိတ်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုပေးပွဲနှင့်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃) နာရီအချိန် မြို့မအားကစားကွင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

စစ်တွေမြို့နယ်အတွင်းရှိ အသက်(၆၀)နှင့်အထက် အဘိုး၊ အဘွားများအား သွားနှင့်ခံတွင်းရောဂါ အခမဲ့ကြည့်ရှု စစ်ဆေးပေးမည်

စစ်တွေမြို့ ခုတင် (၅၀၀) ဆံ့အထွေထွေရောဂါကု ဆေးရုံးကြီးမှ သွားအထူးကုဆရာဝန်ကြီးများက စစ်တွေမြို့နယ်အတွင်းရှိ အသက် (၆၀) နှင့် အထက် အဘိုး၊ အဘွားများအား ဒီဇင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်နေ့ (စနေနေ့နှင့် တနင်္ဂနွေများ) တွင် သွားနှင့်ခံတွင်းရောဂါ အခမဲ့ကြည့်ရှုစစ်ဆေးပေး မည်ဖြစ်ကြောင်း သိရသည်။

ကျောက်တော်မြို့နယ် မဟာမြတ်မုနိတိုက်ပွဲရှောင်စခန်းသို့ ဆန်ရိက္ခာများထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်းရှိ  တိုက်ပွဲရှောင်စခန်းသို့ လာရောက်ခိုလှုံနေသောပြည်သူများအတွက်  နီပွန်ဖောင်ဒေးရှင်းမှ တစ်လစာဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို သရက်တပင်ကျေးရွာအုပ်စု မဟာမြတ်မုနိဘုရား တိုက်ပွဲ ရှောင်စခန်း၌ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စည်သူ ဒေါ်အေးနုစိန် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲများနှင့်အားကစားပြိုင်ပွဲများ ဆုပေးပွဲအခမ်းအနားတက်ရောက်

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲများအားကစားပြိုင်ပွဲများ ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားခန်းမ၌ နိုင်ငံတောင်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စည်သူ ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အားကစားဝါသနာရှင်များနှင့် ဆုရအားကစားသမားများ တက်ရောက်ကြသည်။

ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျိန္တလီမြို့ အ-ထ-က ကျောင်းနှင့် စည်ပင်ရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။

ငပလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က ငပလီမြို့ စည်ပင်ရုံးနှင့် စိုက်ပျိုးရေးရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်