ရခိုင်ပြည်နယ်

အမ်းမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း၌ သဘာဝဘေးအန္တရာယ်အသိ ပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် LWF လူသရမ်ဝေါလ်ဖက်ဒရေးရှင်း(မြန်မာ)တို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် (၁)နာရီအချိန်က ပဲပဒုံကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို၌   ခရိုင်မှတ်ပုံတင်ရေးအဖွဲ့မှ ခွင့်ပြုထားသောအသင်းအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့မှ ခွင့်ပြုထားသောအသင်းအဖွဲ့များအား  ၃လတစ်ကြိမ် ငွေစာရင်းရှင်းတမ်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်  ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင် းသား/သူများအား ထောက်ပံ့ငွေများပေးအပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား/သူများအား  ယနေ့ညနေ ၆ နာရီအချိန် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

မြောက်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်ပြီး အသိ ပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန(၂)တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်းကို ပြင်ဈေးရပ်ကွက် အ.ထ.က(ခွဲ)၊ အ.လ.က(၁) ကျောင်း၌ ယမန်နေ့ နံနက် ၁၀နာရီအချိန်က ဟောပြောခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့၌ အင်းဝဘဏ်လီမိတက်၏ ဘဏ်ခွဲဖွင့်လှစ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ အင်းဝဘဏ်လီမိတက် ဘဏ်ခွဲဖွင့်ပွဲအခမ်းအနားကို ကံပိုင်ရပ်ကွက် ဦးဥတ္တမလမ်း အမှတ်(၅၂၃)တွင် ၂၇-၁၂-၂၀၂၂ ရက်နေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်သည်။

ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ကို စာဖတ်ပရိသတ်များထံ ပုံမှန်ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဝန်ထမ်းများက စာဖတ်၊ စာငှားသူများအဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှုမြင့်မားရေးအတွက် ယမန်နေ့ညနေပိုင်းက ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့် စာအုပ် စာစောင်ကို စာဖတ်ပရိသတ်များအား ပုံမှန်ငှားရမ်းပေးကြသည်။

မြောက်ဦးမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့၌ အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်၌ တည်ဆောက်ထားသည့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုင်းကျော်နိုင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်၊ အစိုးရ နည်းပညာကောလိပ် (ကျောက်ဖြူ) ကျောင်းအုပ်ကြီး ဒေါက်တာအောင်မွန်နှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်ရွှေတို့က အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ) အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အမ်းမြို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ယနေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ခင်းကျင်းပြသဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံး၊ ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲများကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) ၊ အခြေခံပညာအထက်တန်းကျောင်းတွင် စာစီစာကုံး ၊ ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲများကိုကျင်းပပြုလုပ်ခဲ့ရာ မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့၀င်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့၀င်များ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လှည့်ပတ်ကြည့်ရှုအားပေးကြသည်။
Subscribe to ရခိုင်ပြည်နယ်