မောင်တော ဒီဇင်ဘာ ၂၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့မှ ခွင့်ပြုထားသောအသင်းအဖွဲ့များအား ၃လတစ်ကြိမ် ငွေစာရင်းရှင်းတမ်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့ ဉက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးက အသစ်ပြဌာန်းလိုက်သည့် ဉပဒေသစ်တွင် ပါဝင်သည့် အကြောင်းအရာများ၊ ဉပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များ၊ အသင်းအဖွဲ့များအနေဖြင့် ဉပဒေကိုသိရှိလိုက်နာပြီး ဉပဒေနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား စသည့်တို့ကို ရှင်းလင်းတင်ပြကြရန် လိုအပ်ကြောင်းပြောကြားခဲ့ပြီး တက်ရောက်လာသောရှေ့နေများကောင်စီအသင်းနှင့် အသင်းအဖွဲ့ဝင်များက အသစ်ပြဌာန်းလိုက်သည့် ဉပဒေအကြောင်းအရာများ၊ အသင်းများ၏ ၃ လပတ် ငွေစာရင်းရရှိ၊ သုံးစွဲ၊ လက်ကျန်များနှင့်အသင်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးတင်ပြကြရာ လို အပ်သည်များကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)