ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင် းသား/သူများအား ထောက်ပံ့ငွေများပေးအပ်

မောင်တော    ဒီဇင်ဘာ   ၂၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား/သူများအား  ယမန်နေ့ညနေ ၆ နာရီအချိန် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မောင်တောခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေဦးဦးဆောင်၍ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် အခြေခံပညာ  ကျောင်းပေါင်းစုံ အားကစားပွဲတော်တွင် မောင်တောခရိုင်အတွင်းမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား/သူများအား မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မောင်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ထောက်ပံ့ပေးသော ငွေကျပ် သုံးသိန်းအား မောင်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်း‌အောင်နှင့် အဖွဲ့၀င်များက ခရိုင်/ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများထံသို့ ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။  

အဆိုပါ ၂၀၂၂ -၂၀၂၃ ပ ညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော်တွင် မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ မောင်တောမြို့နယ်အနေဖြင့် ၄၈ ဦး၊ ဘူးသီးတောင်မြို့မှ ၃၃ ဦး စုစုပေါင်း ၈၁ ဦးတို့က အသက် ၁၈ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ၃၂ ဦး၊ ဘော်လီဘောပြိုင်ပွဲတွင် ၂၀ ဦး၊ပြေးခုန်ပစ်ပြိုင်ပွဲတွင် ၂၄ ဦး ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ၅ ဦး တို့က ပြည်နယ်အဆင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)