ရသေ့တောင်မြို့နယ် အ‌ရှေ့မြောက်ရပ်ကွက်၌ ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် ဘေးအန္တရာယ်ခံစားခဲ့ရသည့် ပြည်သူများအားထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

ရသေ့တောင် ဇန်နဝါရီ ၂၁

ရခိုင်ပြည်နယ်၊ ရ‌သေ့တောင်မြို့နယ်တွင် (၃၀-၁၂-၂၀၂၂)ရက်နေ့တွင် ရသေ့တောင်မြို့နယ် အ‌ရှေ့မြောက်ရပ်ကွက် ပညာပါရမီ‌ကျောင်း၌ ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် ဘေးအန္တရာယ်ခံစားခဲ့ရသည့် ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲကို ယနေ့၊ နံနက်၁၀နာရီက ရသေ့တောင်မြို့၊ပညာပါရမီဘုန်းတော်ကြီးကျောင်း၌‌ ထောက်ပံခဲ့သည်။

အဆိုပါထောက်ပံပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်၊ မြို့နယ် ရဲမှူးသက်နိုင်‌နှင့်‌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနမှ မြို့နယ်ဦးမှူး ဦး‌ကျော်လွင်တို့ ကမီးဘေးသင့်အိမ်ထောင်စု၁၄စု၊ မီးဘေးသင့်လူဦးရေ ၅၂ယောက်တို့အား ငွေကျပ် (၁၀၉၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၅၀၀၀၀)ကျပ်တန်ဖိုးရှိ Kitပုံး(၁၄)ပုံးအား မီးဘေးသင့် ပြည်သူများအား ထောက်ပံပေးအပ်ခဲ့ပြီးပညာပါရမီကျောင်းထိုင်ဆရာတော် ဦးပုညအား ငွေကျပ် (၃၅၀၀၀၀)တိတိ အားပေးအပ်လှူဒါန်းခဲ့ကြောင်း မြို့နယ်‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)