မြောက်ဦး ဇန်နဝါရီ ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအပေါ် VMIS စာရင်းရေးသွင်းရေးအဖွဲ့တို့နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာတွင် မြောက်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံသည့် အခြေအနေ၊ ကာကွယ်ဆေးထိုးနှံ ပြီးစီးမှုအပေါ် VMIS စနစ်ဖြင့် စာရင်းရေးသွင်းနိုင်ရေးနှင့် မထိုးနှံဘဲ ကျန်ရှိနေ သူများကို နွေရာသီကျောင်းမပိတ်ခင် ရာနှုန်းပြည့်ထိုးနှံနိုင်ရန်၊ ကာကွယ်ဆေး Booster အသစ် ထပ်မံရောက်ရှိလာပြီဖြစ်၍ မြို့နယ်အလိုက် မထိုးနှံဘဲကျန်ရှိနေသာ ကျောင်းသား/ကျောင်းသူများကို ဆက်လက်ထိုးနှံကြရန်စသည့် အကြောင်းအရာများကို ပြောကြားခဲ့သည်။ ပြီးနောက် မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်အလိုက် တာဝန်ရှိသူတို့မှ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေ၊ VMIS စနစ်ဖြင့် စာရင်းရေးသွင်းပြီးစီးမှု အခြေအနေနှင့် ကာကွယ်ဆေးထိုးနှံရန် စာသင်ကျောင်းအလိုက်ကျန်ရှိသော ကျောင်းသား/ကျောင်းသူတို့၏ အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ကိုဗစ်-၁၉ရောဂါ ကွယ်ထိန်းချုပ်ရေးကိစ္စရပ်များ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအပေါ် VMIS စနစ်ဖြင့် ရာနှုန်းပြည့်စာရင်းရေးသွင်းနိုင်ရေး ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးကြရာ လိုအပ်သည် များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
မြင်စိုး ၊ စိုးငြိမ်းနိုင် ( ပြန်/ဆက်)